Sunday, June 3, 2012

ဆဌမအကြိမ် လှူဒါန်းမှု

ဆဌမအကြိမ်းလှူဒါန်းမှုအဖြစ် (၃ရက်၊ ဇွန်လ၊ ၂၀၁၂)တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ ဇမ္ဗူအေးကျောင်းတိုက်ဝင်း အတွင်းရှိ အရုဏ်သစ် ပရဟိတ လူငယ်ဖွံ့ဖြိုးရေးကျောင်းသို့ ငွေကျပ် ၁၀၀၀၀၀တန်ဖိုးရှိ စာရေးကိရိယာများနှင့် ကျောင်းအသုံးအဆောင်ပစ္စည်းများ၊ ငွေကျပ် ၅၃၅၀၀တန်ဖိုးရှိ ကျောင်းဝတ်စုံများ၊ ပထမတန်းမှဒသမတန်းထိ ပညာသင်ကြားနေသော မိဘမဲ့ကလေး များအား ပညာသင်စရိတ်အဖြစ် ငွေကျပ်၂၀၀၀၀၀ ကိုလှူဒါန်းခဲ့ပါတယ် ခင်ဗျာ။




ယခုကဲ့သို့ အထက်ပါပစ္စည်းများ နှင့် ပညာသင်စရိတ်များ သွားရောက်လှူဒါန်းခဲ့ခြင်း ကြောင့် အရုဏ်သစ် ပရဟိတ လူငယ်ဖွံ့ဖြိုးရေးကျောင်းမှ မိဘမဲ့ကလေးငယ်များအတွက် စာရေးကိရိယာနှင့် ကျောင်းအသုံးအဆောင်ပစ္စည်းများ ထိုက်သင့်သလောက်ပြေလည်သွားခြင်း၊ ကျွန်တော်တို့အဖွဲ့ဝင်များမှ ညီအစ်ကိုမောင်နှမအရင်းသဖွယ် နွေးထွေးစွာ ဆက်ဆံခဲ့ခြင်းကြောင့် စိတ်ခွန်အားများတိုးပွားစေခြင်း အပြင် ကလေးများအတွက် မေ့မရသော အမှတ်တရနေ့လေးတစ်ရက် ဖြစ်ခဲ့ရပါတယ် ခင်ဗျာ။


No comments:

Post a Comment