Sunday, May 27, 2012

ပဉ္စမအကြိမ် လှူဒါန်းမှု

ပဉ္စမအကြိမ် လှူဒါန်းမှုအဖြစ် (၂၇ရက်၊ မေလ၊ ၂၀၁၂) တွင် ရေလိုအပ်လျက်ရှိသော ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်သို့ သဘာဝရေသန့်စင်နည်း သရုပ်ပြပွဲ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးမြှင့်တင်မှုသင်တန်းများအပြင်၊ 
အိုက်တိုးပဂေးစံဆပ်ပြာတစ်တောင့်လျှင် ၁၃၀နှုန်းဖြင့် အခု၅၀၀အတွက် ၆၅၀၀၀ကျပ်၊ Water Guard ၁ဗူး ၃၀၀နှုန်းဖြင့် ဗူး၆၀စာအတွက် ၁၈၀၀၀ကျပ်၊ Water & Sanitation အတွက် ကုန်ကျငွေမှာ ၁၈၆၀၀၀ကျပ်၊ ရေသန့်ဗူး ၁၂၅၀ဗူးနှင့် သယ်ယူပို့ဆောင်စရိတ်အတွက် ၅၇၀၀၀၀ကျပ်၊ ရပ်ကွက်အတွင်းရှိကလေးများအား စာရေးကိရိယာနှင့်မုန့်များ လှူဒါန်းခြင်းအတွက် ၁၁၀၀၀ကျပ် ကို သွားရောက်လှူဒါန်းခဲ့ပါတယ် ခင်ဗျာ။  









ယခုကဲ့သို့ အထက်ပါပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ခြင်း ကြောင့် ကမာကဆစ်ရပ်ကွက်အတွင်း ရေအခက်အခဲများ ထိုက်သင့်သလောက်ပြေလည်သွားခြင်း၊ ရေနှင့်ပက်သက်သော အသိပညာပေးသင်တန်းများပို့ချခဲခြင်းကြောင့် အသိပညာ ဗဟုသုတများရရှိခြင်း၊ ကျန်းမာရေးအမြင်များ ရရှိခြင်းများ ဖြစ်ခဲ့ရပါတယ် ခင်ဗျာ။


No comments:

Post a Comment