Monday, August 4, 2014

FSDG၏ ဇူလိုင်လ လှူဒါန်းမှု

FSDG၏ ၃၂ကြိမ်မြောက်လှူဒါန်းမှုအဖြစ် အောင်ချမ်းသာရပ်ကွက်၊ သန်လျင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိသော သီလဝါ သီလရှင်သင် ပညာရေးကျောင်းသို့ ၁၇ သြဂုတ်လ ၂၀၁၄တွင် သွားရောက်လှူဒါန်းသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

သီလ၀ါ သီလရှင်သင် ပညာရေးကျောင်းတွင် အနီးအနားရှိ ဆင်းရဲချို့တဲ့ သော ကလေးငယ်(၁၄၅)ယောက်ကို လက်ရှိပညာသင်နှစ်တွင် သူငယ်တန်းမှ ၄ တန်း အထိ ပညာသင်ကြား ကျွေးမွေးစောင့်ရှောက်ထားလျက် ရှိပါသည်။

ကလေးငယ်များအတွက် အဟာရကျွေးမွေးမှုအနေဖြင့် တစ်နေ့လျှင် နေ့လည်စာ တစ်ကြိမ်သာ ကျွေးမွေး ပါသည်။ နေ့လည်စာအတွက် ၁ သိန်းကျပ် ကုန်ကျပါသည်။ 

ကလေးငယ်များအတွက် အဓိက လိုအပ်နေသည်မှာ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် .. အစရှိသော စားသောက်ကုန် ပစ္စည်းများ အထူးလိုအပ်လျက်ရှိနေပြီး စာရေးကိရိယာပစ္စည်းများလည်း လိုအပ်လျက် ရှိကြောင်း သိရှိရပါသည်။

ကျွန်တော်တို့ FSDG၏ ၃၂ကြိမ်မြောက် လှူဒါန်းရန်အတွက် ဆန်၊ စာရေးကိရိယာ၊ မုန့်များကို လှူဒါန်းသွားမှာ ဖြစ်ပါတယ် ခင်ဗျာ။

စုရပ်ကတော့ Art Gallery အမှတ်(၁၆၁)၊ ဗိုလ်ဆွန်ပက်လမ်း(အလယ်ဘလောက်) ဖြစ်ပြီး မနက်ကိုးနာရီတွင် စတင်ထွက်ခွာမှာ ဖြစ်ပါတယ် ခင်ဗျာ။

ပါဝင်လှူဒါန်းလိုသူများ အနေဖြင့် ဖြိုးဝေကျော် (၀၉-၅၄၀၇၅၁၈)၊ ကိုရဲမင်းအောင်+မမဉ္ဇူအေး (၀၉-၅၄၁၇၁၃၅၊၀၉-၇၃၀၀၂၀၄၅)၊ ကိုဇော်မြလှိုင် (၀၉-၄၃၂၀၆၄၂၁)၊ မတင်ဖြိုးအေး (၀၉-၄၂၂၂၀၅၇၈၇)၊ ကိုမြတ်ကိုကို (၀၉၄၄၈၀၂၃၇၇၀)၊ မသက်သီရိဦး (၀၉-၇၃၀၇၄၅၀၈) လင်းလင်း (၀၉-၂၅၄၀၇၆၄၇၈)၊ ကိုကျော်ထက်လင်း (၀၉-၅၁၇၅၃၆၇)၊ မသန့်ဆုရွှေရည် (၀၉-၅၀၅၈၄၁၅)၊ မနှင်းရီအေး (၀၉-၂၅၀၃၅၃၅၀၅) သို့ဆက်သွယ်လှူဒါန်း နိုင်ပါကြောင်း အသိပေးအပ်ပါတယ် ခင်ဗျာ။


ဘဏ်မှတဆင့် လှူဒါန်းရန်
CB Bank Saving Account No; 0132048915
Account Name; Phyo Wai Kyaw, Ma Myitzu Aye

CB Bank MPU Account No; 0100101000004924
Account Name; Phyo Wai Kyaw

KBZ Bank MPU Account No; 9991911786055
Account Name; Phyo Wai Kyaw

No comments:

Post a Comment