FSDG၏ ၃၁ကြိမ်မြောက်လှူဒါန်းမှုအဖြစ် အောင်သုခ(၃)လမ်း၊ တ-၁၅ ရပ်ကွက်၊ ပန်းခြံ(၂၈)၊ လှော်ကား ကားဂိတ်အောက်(၁၂၄)အလွန်၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိသော လိုတရ ဟင်္သာတ မိဘမဲ့ဂေဟာ ကျောင်းတိုက်သို့ ၁၃ ရက်၊ ဇူလိုင်လ၊ ၂၀၁၄တွင် သွားရောက်လှူဒါန်းသွားမှာ ဖြစ်ပါတယ် ခင်ဗျာ။
လက်ရှိကျောင်းတွင် မိဘမဲ့ကလေးပေါင်း(၇၅)ဦးကို ပြုစုကျွေးမွေး
စောင့်ရှောက် ထားပါသည်။ အဆိုပါ ကလေးငယ်များမှာ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်အတွင်းမှ တိုင်းရင်းသားကလေးငယ်များ ဖြစ်ကြပါသည်။
ကလေးငယ် (၇၅)ဦးတွင် ကိုရင်ငယ်လေးများ ပါဝင်ပါသည်။
ကလေးငယ်များအား အာဟာရကျွေးမွေးမှုမှာ နံနက်ခင်းစာအတွက် ၅ သောင်းကျပ်၊ နေ့လည်စာအတွက် ၁ သိန်း ၂ သောင်းကျပ်နှင့် ညနေစာအတွက် ၃ သောင်းကျပ် ကုန်ကျပြီး တစ်နေ့တာအတွက် ၂ သိန်းကျပ် ကုန်ကျပါသည်။
လက်ရှိအခြေအနေမှာ ကလေးငယ်များ နေထိုင်ရေး အလွန်အခက်အခဲရှိနေသည့်အတွက် ဆရာတော်နှင့် စေတနာရှင် အလှူရှင်များမှ ကျောင်းဆောင်သစ်ကို ဆောက်လုပ်လျက်ရှိပါသည်။
ကလေးငယ်များကို ကျောင်းတွင် ပညာသင်ကြားပေးနိုင်ခြင်း မရှိသေးသော်လည်း အနီးရှိ ကျောင်းများတွင် ပညာသင်ကြားစေလျက်ရှိပါသည်။
ကလေးငယ်များအတွက် အိပ်ဆောင်၊ စာသင်ဆောင်များ ဆောက်လုပ်ပြီးပါက ကျောင်းတွင်သာ ပညာသင်ကြား နိုင်မည်ဖြစ်ပါသည်။
ထို့အပြင် နေ့စဉ်အခက်အခဲ ရှိနေသည်မှာ ကလေးငယ်များအတွက် စားသောက်ရေး အခက်အခဲရှိနေပါသည်။
ကျွန်တော်တို့ FSDG၏ ၃၁ကြိမ်မြောက် လှူဒါန်းရန်အတွက် ဆန်၊ စာရေးကိရိယာ၊ မုန့်နှင့် ဆောက်လုပ်ဆဲ ကျောင်းဆောင်သစ်အတွက် တတ်နိုင်သလောက်ကို လှူဒါန်းသွားမှာ ဖြစ်ပါတယ် ခင်ဗျာ။
စုရပ်ကတော့ Art Gallery အမှတ်(၁၆၁)၊ ဗိုလ်ဆွန်ပက်လမ်း(အလယ်ဘလောက်) ဖြစ်ပြီး မနက်ကိုးနာရီတွင် စတင်ထွက်ခွာမှာ ဖြစ်ပါတယ် ခင်ဗျာ။
ပါဝင်လှူဒါန်းလိုသူများ အနေဖြင့် ဖြိုးဝေကျော် (၀၉-၅၄၀၇၅၁၈)၊ ကိုရဲမင်းအောင်+မမဉ္ဇူအေး (၀၉-၅၄၁၇၁၃၅၊၀၉-၇၃၀၀၂၀၄၅)၊ ကိုဇော်မြလှိုင် (၀၉-၄၃၂၀၆၄၂၁)၊ မတင်ဖြိုးအေး (၀၉-၄၂၂၂၀၅၇၈၇)၊ ကိုမြတ်ကိုကို (၀၉၄၄၈၀၂၃၇၇၀)၊ မသက်သီရိဦး (၀၉-၇၃၀၇၄၅၀၈) လင်းလင်း (၀၉-၂၅၄၀၇၆၄၇၈)၊ ကိုကျော်ထက်လင်း (၀၉-၅၁၇၅၃၆၇)၊ မသန့်ဆုရွှေရည် (၀၉-၅၀၅၈၄၁၅)၊ မနှင်းရီအေး (၀၉-၂၅၀၃၅၃၅၀၅) သို့ဆက်သွယ်လှူဒါန်း နိုင်ပါကြောင်း အသိပေးအပ်ပါတယ် ခင်ဗျာ။
ဘဏ်မှတဆင့် လှူဒါန်းရန်
CB Bank Saving Account No; 0132048915
Account Name; Phyo Wai Kyaw, Ma Myitzu Aye
CB Bank MPU Account No; 0100101000004924
Account Name; Phyo Wai Kyaw
KBZ Bank MPU Account No; 9991911786055

No comments:
Post a Comment