Sunday, January 12, 2014

နှစ်ဆယ့်ခြောက်ကြိမ်မြောက် လှူဒါန်းမှု

FSDG၏ နှစ်ဆယ့်ခြောက်ကြိမ်မြောက်လှူဒါန်းမှုအဖြစ် ၁၂ရက်၊ ဇန်နဝါရီလ၊ ၂၀၁၄တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံအရှေ့မြို့နယ်၊ မဟာနွယ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ တန်ဖိုးငွေ သိန်း၃၀ တန်ဖိုးရှိ စာသင်ကျောင်းဆောင်သစ် ရေစက်ချပွဲ၊ စတုဒီသာ ကျွေးမွေးခြင်းနှင့် သန့်လေးသန့်ဟောပြောပွဲများကျင်းပခြင်းနှင့် တက်ရောက်လာသူများအား သွားပွတ်တံ၊ ဆပ်ပြာ အစရှိသည်တို့ကို ပေးအပ်ခြင်းများကို FSDG အဖွဲ့ဝင်များမှ လူအား၊စိတ်အားထက်သန်စွာဖြင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်း၊ ဟောပြော လှူဒါန်းခဲ့ပါတယ် ခင်ဗျာ။





ယခုကဲ့သို့ အထက်ပါပစ္စည်းများ နှင့် ကျောင်းဆောင်သစ်အတွက် သွားရောက်လှူဒါန်းခဲ့ခြင်း ကြောင့် မဟာနွယ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ လာမည့် စာသင်နှစ်တွင် အမိုးအကာလုံခြုံစွာဖြင့် အေးချမ်းစွာ စာသင်ကြားနိုင်ခြင်း၊ လက်၊ အစာ၊ ရေ၊ အိမ်သာ နှင့်ပက်သက်သော အသိပညာပေး သင်တန်းများပို့ချခဲခြင်းကြောင့် အသိပညာ ဗဟုသုတများရရှိခြင်း၊ ကျန်းမာရေးအမြင်များ ရရှိခြင်းများ ဖြစ်ခဲ့ရပါတယ် ခင်ဗျာ။

No comments:

Post a Comment