FSDG၏ နှစ်ဆယ့်လေးကြိမ်မြောက်လှူဒါန်း မှုအဖြစ် ၂၅ရက်၊ သြဂုတ်လ၊ ၂၀၁၃တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံအရှေ့မြို့နယ်၊ မဟာနွယ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ စားသောက်ကုန်နှင့် စာရေးကိရိယာများကို FSDG အဖွဲ့ဝင်များမှ လူအား၊စိတ်အားထက်သန်စွာဖြင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့ပါတယ် ခင်ဗျာ။
ယခုကဲ့သို့ အဝတ်အထည်များ သွားရောက်လှူဒါန်းခဲ့သဖြင့် မီးဘေးအန္တရာယ်ကြောင့် အတိဒုက္ခခံစားနေရသူများ၏ ဝေဒနာများမှာ တစ်စိတ်တစ်ပိုင်းပြေလည်ခဲ့ရပါ တယ် ခင်ဗျာ။
ယခုကဲ့သို့ အထက်ပါပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ခြင်း ကြောင့် အထက်ပါကျောင်းအတွက် စာရေးကိရိယာအခက်အခဲများ ထိုက်သင့်သလောက်ပြေလည်သွားခြင်း ၊ အာဟာရအတွက် ပြည့်စုံခြင်းများ ဖြစ်ခဲ့ရပါတယ် ခင်ဗျာ။
ကြားဖြတ်အလှူတစ်ခုအဖြစ် မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ မြစပယ်လမ်း မီးဘေးသင့်ပြည်သူများအတွက် စားသောက်ကုန် အဝတ်အထည်များကိုလည်း အဖွဲ့ဝင်များမှ သွားရောက်လှူဒါန်းခဲ့ပါတယ် ခင်ဗျာ။
No comments:
Post a Comment