Sunday, June 9, 2013

နှစ်ဆယ့်တစ်ကြိမ်မြောက်လှူဒါန်းမှု

FSDG၏ နှစ်ဆယ့်တစ်ကြိမ်မြောက်လှူဒါန်းမှုအဖြစ် ၉ရက်၊ ဇွန်လ၊ ၂၀၁၃တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဇေယျာသီရိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ စာရေးကိရိယာနှင့် တစ်လစာ အာဟာရဒါနကို FSDG အဖွဲ့ဝင်များမှ လူအား၊စိတ်အားထက်သန်စွာဖြင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့ပါတယ် ခင်ဗျာ။




ကြားဖြတ်အလှူတစ်ခုအဖြစ် ကိုမင်းထက်အဖွဲ့နှင့်ပူးပေါင်းကာ စစ်ကိုင်းရှိ ပညာရိပ်မွန် ကျောင်းအတွက် လိုအပ်လျက်ရှိသော မူလတန်းကျောင်းသား ကျောင်းသူများအတွက် သင်ရိုးစာအုပ်များအား လှူဒါန်းခဲ့ပါတယ် ခင်ဗျာ။
ကျွန်တော်တို့၏ (FSDG) အဖွဲ့သို့ ပါဝင်လှူဒါန်းလိုသူများ၊ အမှန်တကယ် အကူအညီ လိုအပ်သူများ၊ အဖွဲ့ဝင်အဖြစ် ၀င်ရောက်လိုသူများ အနေဖြင့် ဖြိုးဝေကျော်+မတင်ဇာလှိုင် (၀၉-၅၄၀၇၅၁၈၊၀၉-၄၉၅၇၁၂၁၄)၊ ကိုသူရိန်ထွန်းထွန်း (၀၉-၅၁၆၈၆၇၁)၊ ကိုရဲမင်းအောင်+မမဉ္ဇူအေး (၀၉-၅၄၁၇၁၃၅၊၀၉-၇၃၀၀၂၀၄၅)၊ မယုမိစံ (၀၉-၅၀၀၈၉၃၅)၊ ကိုဇော်မြလှိုင် (၀၉-၄၃၂၀၆၄၂၁)၊ ကိုဝင်းကိုကို+မဆုမွန်အောင် (၀၉-၄၃၁၀၅၁၈၆၊၀၉-၇၃၁၇၀၁၄၈) ကိုရဲမင်းမောင် (၀၉-၄၅၀၀၄၁၀၅၀)၊ ကိုမြတ်ကိုကို (၀၉၄၄၈၀၂၃၇၇၀) သို့ဆက်သွယ်လှူဒါန်း၊ အသိပေး၊ စုံစမ်း နိုင်ပါကြောင်း အသိပေးအပ်ပါတယ် ခင်ဗျာ။ ကျွန်တော်တို့အဖွဲ့ရဲ့ Web Page ကတော့ http://friendssocialdonationgroup.blogspot.com ဖြစ်ပြီး၊ Facebook Page ကတော့ http://www.facebook.com/groups/FriendsSocialDonationGroup/  ဖြစ်ပါတယ် ခင်ဗျာ။

No comments:

Post a Comment