Sunday, March 10, 2013

တစ်ဆယ့်ရှစ်ကြိမ်မြောက် လှူဒါန်းမှု

တစ်ဆယ့်ရှစ်ကြိမ်မြောက် လှူဒါန်းမှုအဖြစ် (၁၀ရက်၊ မတ်လ၊ ၂၀၁၃) တွင် ဇလွန်မြို့နယ်၊ လိမ်ကုန်းကျေးရွာလက်အောက်ရှိ အုန်းကုန်းကျေးရွာသို့ သဘာဝရေသန့်စင်နည်း သရုပ်ပြပွဲ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးမြှင့်တင်မှုသင်တန်းများအပြင်၊ အုန်းကုန်းကျေးရွာရှိ မူလတန်းကျောင်းအတွက် ကျောင်းအိမ်သာ ပြင်ဆင်ခြင်းလုပ်ငန်း၊ စားရေးစားပွဲ+ထိုင်ခုံများလှူဒါန်းခြင်း၊ ကျောင်းသား/ကျောင်းသူများအတွက် သင်ထောက်ကူ ပစ္စည်းများ ကိရိယာများ သွားရောက်လှူဒါန်းခဲ့ပါတယ် ခင်ဗျာ။







ယခုကဲ့သို့ အထက်ပါပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ခြင်း ကြောင့် အုန်းကုန်းကျေးရွာရှိ မူလတန်းကျောင်းအတွက် သင်ထောက်ကူ ပစ္စည်းများ ထိုက်သင့်သလောက်ပြေလည်သွားခြင်း၊ ကျောင်းသား/ကျောင်းသူများအတွက် စာရေးစားပွဲ+ထိုင်ခုံများနှင့် စနစ်တကျ စာသင်ကြားနိုင်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော ကျောင်းအိမ်သာ ရရှိသွားခြင်း၊ ရေနှင့်ပက်သက်သော အသိပညာပေး သင်တန်းများပို့ချခဲခြင်းကြောင့် အသိပညာ ဗဟုသုတများရရှိခြင်း၊ ကျန်းမာရေးအမြင်များ ရရှိခြင်းများ ဖြစ်ခဲ့ရပါတယ် ခင်ဗျာ။

ကျွန်တော်တို့၏ (FSDG) အဖွဲ့သို့ ပါဝင်လှူဒါန်းလိုသူများ၊ အမှန်တကယ် အကူအညီ လိုအပ်သူများ၊ အဖွဲ့ဝင်အဖြစ် ၀င်ရောက်လိုသူများ အနေဖြင့် ဖြိုးဝေကျော်+မတင်ဇာလှိုင် (၀၉-၅၄၀၇၅၁၈၊၀၉-၄၉၅၇၁၂၁၄)၊ ကိုသူရိန်ထွန်းထွန်း (၀၉-၅၁၆၈၆၇၁)၊ ကိုရဲမင်းအောင်+မမဉ္ဇူအေး (၀၉-၅၄၁၇၁၃၅၊၀၉-၇၃၀၀၂၀၄၅)၊ မယုမိစံ (၀၉-၅၀၀၈၉၃၅)၊ ကိုအောင်ကျော်ဇေယျ+မလွင်လွင်ထွန်း (၀၉-၄၃၁၇၇၂၄၁)၊ ကိုဇော်မြလှိုင် (၀၉-၄၃၂၀၆၄၂၁)၊ ကိုမြင့်ဇော် (၀၉-၄၂၁၀၂၀၁၆၄)၊ ကိုဝင်းကိုကို+မဆုမွန်အောင် (၀၉-၄၃၁၀၅၁၈၆၊၀၉-၇၃၁၇၀၁၄၈) ကိုရဲမင်းမောင် (၀၉-၄၅၀၀၄၁၀၅၀) သို့ဆက်သွယ်လှူဒါန်း၊ အသိပေး၊ စုံစမ်း နိုင်ပါကြောင်း အသိပေးအပ်ပါတယ် ခင်ဗျာ။ ကျွန်တော်တို့အဖွဲ့ရဲ့ Web Page ကတော့ http://friendssocialdonationgroup.blogspot.com ဖြစ်ပြီး၊ Facebook Page ကတော့ http://www.facebook.com/groups/FriendsSocialDonationGroup/  ဖြစ်ပါတယ် ခင်ဗျာ။


No comments:

Post a Comment