Monday, November 12, 2012

တစ်ဆယ့်လေးကြိမ်မြောက်လှူဒါန်းမှု

တစ်ဆယ့်လေးကြိမ်မြောက်လှူဒါန်းမှုအဖြစ် (၁၁ရက်၊ နိုဝင်ဘာလ၊ ၂၀၁၂ တွင် ရန်ကုန်-ပုသိမ်ကားလမ်းဘေး ပန်းလှိုင်မြစ်တစ်ဖက်ကမ်း ညောင်တုန်းမြို့အပိုင် ကျောင်းစုကျေးရွာအုပ်စု အေးရွာလေးကျေးရွာတွင် တည်ရှိသော အောင်ပန်းမြိုင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းဆောင်သစ်ဆောက်လုပ်ရာတွင် ကျွန်တော်တို့ FSDG အဖွဲ့မှ ကျောင်းဆောင်ဘေးနံရံကာခြင်းလုပ်ငန်း (၄လက်မခွဲထု အုတ်စီခြင်းနှင့် အချောကိုင်ခြင်း) စုစုပေါင်းခန့်မှန်းကုန်ကျငွေ ကျပ်၁၇သိန်းကျပ်တိတိနှင့် ကွေကာအုပ် ၇၂ပါကင်၊ မြေဖြူ ဗူး၂၀၊ ဘောပင် ၄ဒါဇင်ခွဲ၊ Art Card ၄ထုပ်၊ ဘောဖျက် ၁၂ခု၊ ခဲတံ ၅၀ဒါဇင်၊ ခဲဖျက် ၁၈၀ခု၊ ချွန်စက် ၃၀၀ခု၊ ကျားဝတ် ၈၁ထည်၊ မဝတ် ၁၂၉ထည် အားလှူဒါန်းခဲ့ပါတယ် ခင်ဗျာ။ 






ယခုကဲ့သို့ အထက်ပါပစ္စည်းများ နှင့် ကျောင်းဆောင်သစ်အတွက် သွားရောက်လှူဒါန်းခဲ့ခြင်း ကြောင့် အောင်ပန်းမြိုင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာ၊ဆရာမနှင့်ကျောင်းသား၊ကျောင်းသူများအတွက် စာရေးကိရိယာနှင့် ကျောင်းအသုံးအဆောင်ပစ္စည်းများ ထိုက်သင့် သလောက်ပြေလည်သွားခြင်း၊ လာမည့် စာသင်နှစ်တွင် အမိုးအကာလုံခြုံစွာဖြင့် အေးချမ်းစွာ စာသင်ကြားနိုင်တော့မှာ ဖြစ်ပါတယ် ခင်ဗျာ။

ကျွန်တော်တို့၏ (FSDG) အဖွဲ့သို့ ပါဝင်လှူဒါန်းလိုသူများ၊ အမှန်တကယ် အကူအညီ လိုအပ်သူများ၊ အဖွဲ့ဝင်အဖြစ် ၀င်ရောက်လိုသူများ အနေဖြင့် ဖြိုးဝေကျော်+မတင်ဇာလှိုင် (၀၉-၅၄၀၇၅၁၈၊၀၉-၄၉၅၇၁၂၁၄)၊ ကိုသူရိန်ထွန်းထွန်း (၀၉-၅၁၆၈၆၇၁)၊ ကိုဖြိုးသူ (၀၉-၄၂၁၀၂၀၁၆၅)၊ ကိုရဲမင်းအောင်+မမဉ္ဇူအေး (၀၉-၅၄၁၇၁၃၅၊၀၉-၇၃၀၀၂၀၄၅)၊ မယုမိစံ (၀၉-၅၀၀၈၉၃၅)၊ ကိုအောင်ကျော်ဇေယျ+မလွင်လွင်ထွန်း (၀၉-၄၃၁၇၇၂၄၁)၊ ကိုဇော်မြလှိုင် (၀၉-၄၃၂၀၆၄၂၁)၊ ကိုမြင့်ဇော် (၀၉-၄၂၁၀၂၀၁၆၄)၊ ကိုဝင်းကိုကို+မဆုမွန်အောင် (၀၉-၄၃၁၀၅၁၈၆၊၀၉-၇၃၁၇၀၁၄၈)သို့ဆက်သွယ်လှူဒါန်း၊ အသိပေး၊ စုံစမ်း နိုင်ပါကြောင်း အသိပေးအပ်ပါတယ် ခင်ဗျာ။ ကျွန်တော်တို့အဖွဲ့ရဲ့ Web Page ကတော့ http://friendssocialdonationgroup.blogspot.com ဖြစ်ပြီး၊ Facebook Page ကတော့ http://www.facebook.com/groups/FriendsSocialDonationGroup/  ဖြစ်ပါတယ် ခင်ဗျာ။


No comments:

Post a Comment