တစ်ဆယ့်တစ်ကြိမ်မြောက် လှူဒါန်းမှုအဖြစ် (၅ရက်၊ သြဂုတ်လ၊ ၂၀၁၂)တွင်
ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၈၈)ရပ်ကွက်၊ စိန်ပန်းလမ်းရှိ သာသနာ့မာမက
ဘုန်းတော်ကြီးသင်ပညာရေးကျောင်း သို့ ကလေးများ ကျောင်းမှတ်တမ်းများ စနစ်တကျ
သိမ်းဆည်းထားနိုင်ရန်အတွက် LEECO ဗီရို ၃လုံး၊ ပညာသင်စရိတ် စုစုပေါင်း ၃၈၇၅၀၀ကျပ်
လှူဒါန်းခဲ့ပါတယ် ခင်ဗျာ။
ယခုကဲ့သို့ အထက်ပါပစ္စည်းများ၊ ပညာသင်စရိတ် လှူဒါန်းခဲ့ရသောကြောင့် ကလေးများအတွက်
ကျောင်းမှတ်တမ်းများ စနစ်တကျ သိမ်းဆည်းသွားနိုင်ခြင်း၊ စာသင်ကြားပေးနေသော
ဆရာများအတွက် လစဉ်ထောက်ပံ့ရသော ပညာသင်စရိတ် အတွက် အထောက်အပံ့ ဖြစ်ခဲ့ရပါတယ်
ခင်ဗျာ။
No comments:
Post a Comment