- FSDG အဖွဲ့တွင် အမြဲတမ်းအသင်းသားတစ်ဦးအဖြစ် အသင်းဝင်နိုင်ခြင်း။
- အမြဲတမ်းအသင်းသားသည် အဖွဲ့က လစဉ်ပုံမှန်ကောက်ခံလေ့ရှိသော အလှူငွေ(တစ်နေ့တစ်ရာ) တစ်လသုံးထောင်ကို ထည့်ဝင်လှူဒါန်းရခြင်း။
- အမြဲတမ်းအသင်းသားအဖြစ် မ၀င်လိုပါက မိမိ၏သဘောဆန္ဒအလျောက် ကြားဖြတ်အလှူငွေများထည့်ဝင်နိုင်ခြင်း။
- အသင်းဝင်များက ထည့်ဝင်လှူဒါန်းသည့်အလှူငွေများနှင့် စေတနာရှင်များက ကြားဖြတ်ထည့်ဝင်လှူဒါန်းသော အလှူငွေများအား ပေါင်းစု၍ ရရှိလာသောအလှူငွေများအားလုံးကို အကူအညီအမှန်တကယ်လိုအပ်နေသော နေရာများသို့ လစဉ်ပုံမှန် ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းခြင်း။
- သွားရောက်လှူဒါန်းသည့်အခါတွင်လည်း မည်သူမဆိုလိုက်ပါ၍ ကုသိုလ်ယူနိုင်ခြင်း။
- လိုက်ပါ၍ကုသိုလ်ယူသည့်အခါ လှူဒါန်းမှုမသွားမီ(၁၀)ရက်ခန့်အလို ကြိုတင်၍သက်ဆိုင်ရာ အမြဲတမ်း အသင်းဝင်များကို အကြောင်းကြားရမည်ဖြစ်ခြင်း။
- သွားရောက်လှူဒါန်းသည့်နေရာကို ရွေးချယ်ရာတွင် အဖွဲ့၏ညှိနှိုင်းဆုံးဖြတ်ချက်အရ အမှန်တကယ်အကူအညီ လိုအပ်သောနေရာများကို စစ်ဆေး၊ရွေးချယ်ပြီးမှ သွားရောက်ခြင်း။
- အမြဲတမ်းအသင်းသားများကလည်း အကူအညီလိုအပ်နေသောနေရာများရှိလျှင် အဖွဲ့သို့တင်ပြနိုင်ခြင်း။
- လှူဒါန်းရာတွင်လည်း အမြဲတမ်းပုံမှန်လှူဒါန်းခြင်း၊ အရေးပေါ်အခြေအနေများဖြစ်ပေါ်လာသောနေရာများသို့ သွားရောက်လှူဒါန်းခြင်း၊ အကူအညီလိုအပ်သောနေရာများကိုလှူဒါန်းခြင်း စသည်ဖြင့်ပိုင်းခြား၍လှူဒါန်းခြင်း။
- FSDG အဖွဲ့၏ညှိနှိုင်းဆုံးဖြတ်ချက်အရ သွားရောက်နိုင်ခြင်းမရှိသည့်ဒေသများသို့လှူဒါန်းလိုလျှင်၊ သွားရောက်နိုင်သော အခြားအဖွဲ့အစည်းများနှင့် ဆက်သွယ်၍လှူဒါန်းသွားခြင်း။
- FSDG အဖွဲ့၏အခြားသောလှူဒါန်းမှုတစ်ရပ်မှာ အမြဲတမ်းအသင်းသားများက မိမိ၏ကိုယ်တွင်းမှသွေးများကို လှူဒါန်းနိုင်ခြင်း။
- လှူဒါန်းရာတွင်သွေးအမှန်တကယ်လိုအပ်နေသူကိုသာ လှူဒါန်းခြင်း။
- လှူဒါန်းလိုသည့် အသင်းသားများအနေဖြင့် အသင်းဝင်ပုံစံဖြစ့်စဉ်ကတည်းက တပါတည်း ’သွေး’ ကိုပါ လှူဒါန်းလိုကြောင်း ထည့်သွင်းဖော်ပြခြင်း။
- အလှူခံသည့် ’သွေး’ အား အသင်းသားများထဲက မရရှိလျှင် အခြားသောသွေးအလှူရှင်အဖွဲ့သို့ ဆက်သွယ်ပေးခြင်း။
- အသင်းသားများကသော်လည်းကောင်း၊ အခြားမည်သူမဆိုလွတ်လပ်စွာဖြင့် မိမိ၏သဘောဆန္ဒများနှင့် အကြံဥာဏ်များကို ပေးအပ်နိုင်ခြင်း။
Thursday, March 1, 2012
FSDGအဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment