ယခုကဲ့သို့
အထက်ပါပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ခြင်းကြောင့်
အနာကြီးရောဂါဝေဒနာရှင်များအတွက် ဆေးဝါးများ၊ အာဟာရများ အချိန်အတိုင်းအတာတစ်ခုအထိ
ပြေလည်သွားခြင်း၊ ကိုယ်တိုင်ကိုယ်ကျ အနာကြီးရောဂါဝေဒနာရှင်များအား
သွားရောက်ကြည့်ရှုအားပေးခဲ့ခြင်းကြောင့် ဝေဒနာရှင်များ စိတ်အားငယ်ခြင်းမှ
ကင်းဝေးခြင်း၊ စိတ်ကြည်နူးရွှင်လန်းစေခြင်း၊ အထက်ပါစခန်းတွင်
ပညာဒါနအဖြစ်သင်ကြားပေးနေသော ဆင်းရဲနွမ်းပါးသော ကလေးသူငယ်များအတွက် စာရေးကိရိယာများ
လုံလောက်သွားခြင်း များဖြစ်ခဲ့ရပါတယ် ခင်ဗျာ။
Sunday, April 8, 2012
တတိယအကြိမ် လှူဒါန်းမှု
တတိယအကြိမ်
လှူဒါန်းမှုအဖြစ် (၈ရက်၊ ဧပြီလ၊ ၂၀၁၂) တွင် မရမ်းချောင်းကျေးရွာ အနီးအနားရှိ
အနာကြီးရောဂါစခန်းသို့ Provimin - Sapirulina အားဆေးတစ်ဗူးလျှင် (၁၁၂၅)ကျပ်ဖြင့်
ဗူး (၄၀) = (၄၅၀၀၀)ကျပ်၊ စာအုပ် (၄၇)ဒါဇင်၊ ခဲတံ အချောင်း (၂၀၀)၊ ဘောပင် (၂၀၀)၊
ပေတံ (၂၀၀)= (၁၅၄၃၀၀)ကျပ်၊ အနာကြီးရောဂါသည်များအတွက် တစ်ပတ်စာ အာဟာရဒါန= (၆၃၀၀၀)ကျပ်
(တစ်ယောက်လျှင် ၅၀၀ကျပ်နှုန်းဖြင့် ၁၈ယောက်စာအတွက်ဖြစ်ပါသည်) စုစုပေါင်းမှာ (၂၆၂၃၀၀)ကျပ်တိတိကို
သွားရောက်လှူဒါန်းခဲ့ပါတယ် ခင်ဗျာ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment